သည်းခြေပြွန် ပိတ်ခြင်း လက္ခဏာများ
သည်းခြေပြွန် ပိတ်တယ်ဆိုတာ သည်းခြေအိတ်က ပြွန်တွေ ပိတ်ဆို့သွားတာပါ။ သည်းခြေပြွန်တွေ ဒါမှမဟုတ် ပန်ခရိယကပြွန်တွေက ပန်ခရိယနဲ့ အူတွေကို ဖြတ်ပြီး သည်းခြေရည်တွေကို အသည်းနဲ့ သည်းခြေအိတ်ဆီကနေ ပို့ဆောင်ပေးတဲ့ ပြွန်လေးတွေပါ။ သည်းခြေပြွန် ပိတ်တာက မကုသဘဲ ထားမယ်ဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
သည်းခြေပြွန် ဆိုတာ ဘာလဲ?
အသည်းက ဝါစိမ်းစိမ်းအရောင်ရှိတဲ့ သည်းခြေရည်တွေကို ထုတ်လုပ်ပါတယ်။ သည်းခြေရည်တွေက အစားအစာတွေထဲက အဆီတွေကို ချေဖျက်ဖို့ ထောက်ကူပေးပါတယ်။ သည်းခြေရည်က ကိုလက်စထရော၊ သည်းခြေဆား၊ ရေတွေနဲ့ ဖွဲ့စည်းထားပါတယ်။
သည်းခြေပြွန် သို့မဟုတ် ပန်ခရိယပြွန်တွေဟာ အသည်း၊ သည်းခြေအိတ်၊ ပန်ခရိယနဲပ အူတေတွကို ဆက်သွယ်ပေးထားတဲ့ ပြွန်လေးတွေပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခုပါ။ သည်းခြေရည်တွေနဲ့ အစာခြေရည်တွေကို အသည်း နဲ့ ပန်ခရိယဆီကနေ အစားအစာတွေကို ချေဖျက်ဖြိုခွဲဖို့ အူသိမ်ဆီကို ပို့ဆောင်ပေးပါတယ်။
သည်းခြေရည်တွေက သည်းခြေပြွန်ကို ဖြတ်ပြီး အသည်းဆီကနေ သည်းခြေအိတ်ဆီကို စီးဆင်းပါတယ်။ မလိုအပ်ခင်အချိန်အထိ သည်းခြေရည်တွေကို သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ သည်းခြေအိတ်ထဲကနေမှ သည်းခြေပြွန်တွေကနေ ဖြတ်ပြီး ပန်ခရိယဆီကို သည်းခြေရည်တွေ ရောက်ရှိပါတယ်။
သည်းခြေပြွန်က သကြားတွေကို ဖြိုခွဲဖို့ အစာခြေအင်ဇိုင်းတွေပါတဲ့ သည်းခြေရည်တွေကို စုဆောင်းပေးပါတယ်. ဒီကနေမှ အဆီတွေနဲ့ သကြားတွေကို ဖြိုခွဲဖို့ အူသိမ်ဆီကို ယူသွားပါတယ်။
သည်းခြေပြွန် ပိတ်ဆို့ခြင်း
သည်းခြေပြွန် ပိတ်ဆို့တာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ သည်းခြေပြွန် တစ်ခု သို့မဟုတ်တ ၂ ခု ပိတ်ဆို့သွားတတာပါ။ သည်းခြေပြွန် ပိတ်ဆို့သွားတဲ့အခါ အစာခြေဖို့အတွက် လိုအပ်တဲ့ သည်းခြေရည်တွေကို အူသိမ်ဆီကို မပို့နိုင်တော့ပါဘူး။ ဒီလိုနဲ့ အသည်းမှြ သည်းခြေရည်တွေစုလာပြီး သွေးထဲမှာ bilirubin ပမာဏတွေ များလာပါတယ်။
ဘာတွေက သည်းခြေပြွန် ပိတ်စေတာလဲ?
သည်းခြေပြွန်တွေ ပိတ်ဆို့ရတာက
- သည်းခြေကျောက်တည်တာ
- သည်းခြေပြွန် ကင်ဆာ ခံစားနေရတာ
- ခွဲစိတ်ကုသမှုအတွင်း ထိခိုက်မိတာ
- သည်းခြေပြွန် အစိတ်အပိုင်းတစ်ခုခု ကြီးနေတာ
- နာတာရှည် ပန်ခရိယ ရောင်ရမ်းမှု ခံစားနေရတာ
- ဝမ်းဗိုက်ပိုင်းမှာ ထိခိုက်ဒဏ်ရာရတာတွေကြောင့်ပါ။
သည်းခြေပြွန် ပိတ်ခြင်း လက္ခဏာများ
သည်းခြေပြွန်ပိတ်တာက အသည်းက သည်းခြေရည်တွေ စီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။ သည်းခြေပြွန်ပိတ်တဲ့အခါ အူသိမ်ဆီကို သည်းခြေရည်တွေ မရောက်ရှိတာကြောင့် အစားအစာတွေကို ချေဖျက်တာ၊ စုပ်ယူတာတွှော ထိခိုက်တာတွေ ဖြစ်လာစေပြီး ဗီတာမင် ချို့တဲ့မှု ဖြစ်စေပါတယ်။
- သည်းခြေပြွန် ပိတ်သွားတဲ့အခါ အသည်းမှာ bilirubin များလာပြီး အရေပြားနဲ့ မျက်ဖြူသားတွေ ဝါလာတာ
- ဆီးတွေ အဝါရောင်ရင့်လာတာ
- ဝမ်းတွေ ဖြူလာတာ
- အရေပြား ယားယံတာ
- ဗိုက် ညာဘက် အထက်ပိုင်းနားက နာကျင်တာ
- ပင်ပန်းလွယ်တာ
- ခြေကုန် လက်ပမ်းကျတာ
- အဖျားရှိတာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- ကိုယ်အလေးချိန် ကျတာ
- အစားစားချင်စိတ် ပျောက်ဆုံးတာတွေ ခံစားရနိုင်ပါတယ်။
သည်းခြေပြွန်ပိတ်တဲ့ လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် မြန်နိုင်သမျှမြန်မြန် ကုသမှု ခံယူဖို့ လိုပါမယ်။
ရေးသားသူ - မွန်မွန်